အကြောင်းအရာ

အလုပ်သမား အခွင့်အရေးဆိုင်ရာ ပူးပေါင်းအဖွဲ့ (WRC) သည် အမှီအခိုကင်းသည့် အလုပ်သမားအခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့က ကမ္ဘာအဝှမ်းရှိ စက်ရုံများ၏ လုပ်ငန်းခွင် အခြေအနေများအား စုံစမ်းစစ်ဆေးသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လစာနည်းပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည့် လုပ်ငန်းခွင်အခြေအနေများအား မှတ်တမ်းတင်ရန်နှင့် တိုက်ဖျက်ရန်၊ အလုပ်သမား အခွင့်အရေးများအား အလွဲသုံးစားပြုခြင်းများကို သက်ဆိုးရှည်စေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ် တံဆိပ်များ နှင့် လက်လီရောင်းချသူများ၏ အလေ့အထများအား ရှာဖွေ ဖော်ထုတ်ရန် နှင့် အဝတ်အထည်နှင့် အခြားဆက်စပ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရန်ဖြစ်သည်။ 

WRC သည်  အမှီအခိုကင်းလွတ်သည့် အလုပ်သမားဗဟိုပြု  စုံစမ်းစစ်ဆေးမှူများ ဆောင်ရွက်ခြင်း၊ အဓိက ကျသည့်ကုန်အမှတ်တံဆိပ်များ ထုတ်လုပ်သည့် စက်ရုံများအပေါ် လူထုထံသို့ဖြန့်ဝေသည့် အစီရင်ခံစာများ ထုတ်ဝေခြင်း၊ ထိုစက်ရုံများတွင် အလုပ်သမားများက ချိုးဖောက်ခြင်းများကို ၎င်းတို့က ရပ်တန့်ရန် အားထုတ် ကြိုးပမ်းခြင်း နှင့် ၎င်းတို့၏ လုပ်ငန်းခွင်အခွင့်အရေးများကို ကာကွယ်ခြင်းများတွင် အကူအညီပေးခြင်းတို့ ပြုလုပ်လျက်ရှိသည်။ WRCက နိုင်ငံများစွာတွင် စုံစမ်းစစ်ဆေးသူများ ထားရှိထားပြီး အရှေ့တောင်အာရှ၊ အရှေ့ အာရှ၊ တောင်အာရှ၊ အမေရိကနိုင်ငံများ၊ နှင့် အာဖရိကရှိ လူထုအခြေပြုအဖွဲအစည်းရာပေါင်းများစွာ နှင့်အတူ အလုပ်လုပ်နေသည်။ 

ကမ္ဘာတဝှမ်းရှိ ကုန်ထုတ်လုပ်သားများ အတွက် သင့်တော်ကောင်းမွန်သည့် အခြေအနေများနှင့် လုပ်ခလစာ ရရှိရန်မှာ ‌ေစျးကွက်ရှေ့ဆောင်နေသော  ကုန်အမှတ်တံဆိပ်၏ ကမ္ဘာ့ကုန်စည် စီးဆင်းမှုကွင်းဆက်အတွင်း စနစ်အပြောင်း အလဲဖြစ်ရန် လိုအပ်ပြီး - ထိုကုန်အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများသည် ၎င်းတို့ဆန္ဒအလျောက် လုပ်ဆောင်မည် မဟုတ်ပေ။ အဆုံးပိုင်းတွင် ကျွန်ုပ်တို့သည် စက်ရုံဦးစားပေး အလုပ်များအပြင် WRC အနေဖြင့် အလုပ်သမား ကိုယ်စားလှယ်များ နှင့် ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းများအကြား သဘောတူညီချက်များ ချုပ် ဆိုနိုင်ရန်လည်း လုပ်ဆောင်သည်။ ကမ္ဘာ့စီးပွါးရေးတွင် အဓိပ္ပါယ်ရှိသော လူထုပြဋ္ဌာန်းသည့် အလုပ်သမား ဆိုင်ရာ စံချိန်စံနှုန်းများသည် အလွန်နည်းပါးပြီး ဆန္ဒအလျောက် "ကော်ပိုရေးရှင်းများ၏ လူမှုရေးရာ တာဝန်ယူမှု" အစီအစဉ်များသည် လုပ်သားများအား အကာအကွယ်ပေးရန် ဆက်တိုက်ပျက်ကွက်ခဲ့ပြီး ပြဋ္ဌာန်းနိုင်သည့်  ပုဂ္ဂလိကသဘောတူညီချက်များဖြစ်သည့် -  ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မီးလောင်ခြင်း နှင့် အဆောက်အဦး လုံခြုံရေး သဘောတူညီချက်သည်က WRC ဖန်တီးနိုင်ရန်နှင့် အကောင်အထည်ဖော်ရန် ကူညီပေးခဲ့ပြီး - အလုပ်သမား များအတွက် ခိုင်မာသောအကျိုးအမြတ်များ ဖန်တီးပေးသည့် အကောင်းဆုံးသောယန္တရားဖြစ်သည်။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင်များ၊ ကျောင်းသားများ နှင့် ရှေ့ဆောင် တက္ကသိုလ် များဖြင့် ၂၀၀၀ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တက္ကသိုလ်များအား တက္ကသိုလ်အမှတ်တံဆိပ်များပါသည့် အဝတ်အထည်များ နှင့် အခြားကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်သားများကို အကာအကွယ်ပေးရန် ၎င်းတို့ လက်ခံထားသော စည်းနှောင်အားရှိသည့် အလုပ်ဆိုင်ရာ စံချိန်စံညွှန်းများကို  ပြဋ္ဌာန်းနိုင်ရန် WRC မှ အကူအညီ ပေးသည်။ WRC သည် အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါနိုင်ငံများရှိ မြောက်မြားစွာသော တက္ကသိုလ် နှင့် ကောလိပ်များနှင့် ဆက်နွယ်မှုရှိသည်။ WRC သည် ဒီမိုကရေစီအစိုးရများ နှင့် ပင်စင်ရန်ပုံငွေများ အပါအဝင် လူ့အခွင့် အရေးဆိုင်ရာ စံချိန်စံညွှန်းများကို  ပြဋ္ဌာန်းနိုင်ရန် ရှာဖွေနေသည့်အစိုးရအဖွဲ့များနှင့်လည်း အလုပ် လုပ်သည်။