ကျွန်ုပ်တို့အလုပ်

WRC၏ နည်းစနစ်များ

မည်သည့်လုပ်ငန်းခွင်တွင်မဆို အလုပ်သမားများသည် အကောင်းဆုံး သတင်းအချက်အလက် အရင်းအမြစ်များဖြစ်ကြပြီး ၎င်းတို့သည့် WRC ၏ စုံစမ်းစစ်ဆေးမှု နည်းစနစ်၏ ဗဟိုဖြစ်သည်။ အရေးပါသည့်အချက်မှာ WRC၏ တွေ့ဆုံမေးမြန်းခြင်းများသည် စက်ရုံစီမံခန့်ခွဲရေးအား အသိပေးခြင်း သို့ ပါဝင်ခြင်းမရှိစေဘဲ စက်ရုံပြင်ပတွင် ပြုလုပ်သည့်အတွက် အလုပ်သမားများ အနေဖြင့် လက်တုန့် ပြန်ခံရမည်ကို ကြောက်စရာ မလိုဘဲ လွတ်လပ်စွာ ပြောနိုင်ခြင်းဖြစ်သည်။ အမှတ်တံဆိပ်များ က ၎င်းတို့ စာချုပ်ချုပ်ဆိုထားသည့် ကုန်ပစ္စည်းပေးသွင်းသူများအား စစ်ဆေးသည့်အခါ အလုပ်သမား များကို စက်ရုံအတွင်းတွင် စကားပြောလေ့ရှိပြီး ၎င်းတို့အနေဖြင့် မှန်ကန်သည့် သတင်းအချက်အလက် များအား နည်းနည်း သို့ လုံးဝ သေချာပေါက် ရရှိမှူမရှိစေရန်ဖြစ်သည်။ ထိုအရာသည်  အမှတ်တံဆိပ် များ နှင့် ၎င်းတို့၏ စစ်ဆေးရေး အဖွဲ့အစည်းများ ပုံမှန်လျစ်လျူရှုထားသည့် အလုပ်သမားအခွင့်အရေး အလွဲသုံးစားပြုမှုများကို WRCက  ဖော်ထုတ်ရန် လမ်းစဖြစ်သည်။

WRC သည် ကမ္ဘာတဝှမ်းရှိ အလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ နှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများနှင့် ကျယ်ပြန့်သည့် ဆက်ဆံရေးကွန်ရက် တည်ဆောက်ထားပြီးဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ကွင်းဆင်း စုံစမ်းစစ်ဆေးရေးမှူးများနှင့် ဖွဲ့စည်း ထားသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းတစ်စိတ်တစ်ပိုင်း အနေဖြင့် WRC က ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးသည့် စက်ရုံများနှင့် ပတ်သက်သည့် ရှာဖွေတွေ့ရှိချက်များ အပါအဝင် ထိုတွေ့ရှိချက်များအပေါ် အမှတ် တံဆိပ်များ၊ လက်လီရောင်းချသူများ နှင့် စက်ရုံပိုင်ရှင်များ၏ မှတ်ချက်များကို လူထုအစီအရင် ခံစာများ အဖြစ် ထုတ်ဝေသည်။ WRC က ကမ္ဘာတဝှမ်းရှိ အမှတ်တံဆိပ်များနှင့် ၎င်းတို့၏ ကုန်တင်သွင်းသူများအား လွန်စွာအရေးပါသည့် ကုစားရေး: အလုပ်သမားများ ရရန်ကျန်ရှိငွေများအား ပြန်ပေးခြင်း၊ တရားမျှတမှု မရှိဘဲ အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများအား အလုပ်ပြန်လည် ခန့်အပ်ရန် နှင့် တိုးတက်ကောင်းမွန်ရန် များစွာလိုအပ်နေသေးသည့်  လုံခြုံရေးတို့အား အကောင် အထည် ဖော်ဆောင်ရန် လှုံ့ဆော်နေဆဲဖြစ်သည်။

 

ကုန်စည်စီးဆင်းမှုကွင်းဆက်အတွင်း စနစ်ကျသောပြောင်းလဲမှုဆီသို့

ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှု ကွင်းဆက်အတွင်း အလုပ်သမားအခွင့်အရေး အလွဲသုံးစားမှု သဘောသဘာဝ နှင့် အကြောင်းအရင်းများအား အပေါ် မီးမောင်းထိုးပြခြင်း၊ လုပ်ငန်းများက ပံ့ပိုးသည့် စောင့်ကြည့်လေ့လာရေး အစီအစဉ်များ၏ မလုံလောက်မှုများအား ဖော်ထုတ်ခြင်း နှင့် စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဆိုင်ရာ လူထုဆွေးနွေးပွဲအား ပုံဖော်ပေးခြင်းတို့အား WRC ၏ ကြိုးစားအားထုတ်မှုများက အကူအညီပေးခဲ့ပါသည်။

ကုန်စည်စီးဆင်းမှုကွင်းဆက်အတွင်း သင့်တော်ကောင်းမွန်သည့် လုပ်ငန်းခွင် အခြေအနေများ ရရှိရန် စနစ်ကျသည့် ပြုပြင်ပြောင်းလဲခြင်းများ လိုအပ်သည်: ကမ္ဘာတစ်ဝှမ်းတွင် ကျင့်သုံးနိုင်သည့် သဘော တူညီချက်များဖြင့် ဆန္ဒအလျောက် လုပ်ငန်းကတိများကို အစားထိုးခြင်း နှင့် အလွဲသုံးစား ပြုခြင်း များအား တွန်းအားပေးနေသည့် ကုန်တင်သွင်းသူများအပေါ် ဈေးနှုန်း ဖိအား ပေးခြင်းများအား ရပ်တန့်ရန် အမှတ်တံဆိပ်များအား တောင်းဆိုချင်း။ ဤ အစီအစဉ် တိုးတက်လာရန် ကျွန်ုပ်တို့က မဟာဗျုဟာများ ဖော်ဆောင်နေသည်။

ကျွန်ုပ်တို့သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အဆန်းသစ်ဆုံး နှင့် အထိရောက်ဆုံး အလုပ်သမား အခွင့်အရေးဆိုင်ရာ အစပျိုးမှုများ တည်ဆောက်ခြင်း နှင့် စတင်ဆောင်ရွက်ခြင်းများတွင် အရေးပါ သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုအထဲတွင် ဝီဂါလူမျိုးများ အဓမ္မလုပ်အားပေး ခိုင်းစေခံရခြင်း ရပ်တန့်ရန် ညွန့်ပေါင်းအဖွဲ့ (Coalition to End Uyghur Forced Labour)၊ လီဆိုသိုနိုင်ငံ Nien Hsing လုပ်သားအင်အား အားလုံးအား လွှမ်းခြုံသည့် ကျား/မအခြေပြု အကြမ်းဖက်မှု နှင့် နှောက်ယှက်မှု ဆိုင်ရာ သဘောတူညီမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မီးနှင့် အဆောက်အအုံလုံခြုံရေး သဘောတူညီချက်၊ Alta Gracia ဖူလုံသည့်လုပ်ခလစာ အဝတ်အထည်စက်ရုံ နှင့် ဟွန်ဒူးရပ်စ်နိုင်ငံရှိ Fruit of the Loom လုပ်သားအင်အား အားလုံးအား လွှမ်းခြုံသည့် စုပေါင်း စည်းရုံးပိုင်ခွင့် နှင့် ညှိနှိုင်းခွင့်များကို အာမခံ သည့် သမဂ္ဂ-စီမံခန့်ခွဲရေး သဘောတူညီချက်တို့ ပါဝင်သည်။