ဝီဂါများအဓမ္မခိုင်းစေခံရမှု အဆုံးသတ်ရေး

တရုတ်အစိုးရ၏ ဝီဂါ နှင့် အခြား တူရကီနွယ်ဖွားများ နှင့် အစ္စလာမ်ဘာသာကိုးကွယ်သူ အများစုရှိသည့် လူမျိုးစု များအပေါ် အလွဲသုံးစားပြုခြင်းများသည် လူသားမျိုး နွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဟု သတ်မှတ် ခံရပြီး ပိုမိုဆိုးရွားလာသည့် လူ့အခွင့်အရေး အကျပ်အတည်းတွင် ရှေ့ဆောင် အဝတ်အထည် အမှတ်တံဆိပ် များနှင့် လက်လီရောင်းချသူများ ပါဝင်လာစေသည်။ နိုင်ငံတော်က ကမကထပြုလုပ်သည့် အဓမ္မ ခိုင်းစေခံရမှု သည် ရှင်းဂျီယန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (ဝီဂါဒေသ)တွင် ပျံ့နှံ့လျက်ရှိပြီး လူအများအပြားအား မတရားဖမ်းဆီးခြင်း၊ မလုပ်မနေရ ပြဋ္ဌာန်းထားသည့် နိုင်ငံရေး အယူဝါဒသွတ်သွင်းခြင်း၊ မိသားစုများ အဓမ္မခွဲခံရ ခြင်း နှင့် နေရာအနှံ့အပြားတွင် စောင့်ကြည့်ခြင်းများ အပါအဝင် ပျံ့နှံ့လာနေသည့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်လည်း ဆက်စပ်နေသည်။

အဝတ်အထည်နှင့် အထည်အလိပ်ကဏ္ဍသည် တရုတ်အစိုးရ၏ အဓမ္မအလုပ်ခိုင်းစေမှု အစီအစဉ်၏ အဓိက အချက်အခြာဖြစ်နေသည်။ ကမ္ဘာ့အဝတ်ထည်လုပ်ငန်းအတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည့် အဓမ္မ ခိုင်းစေခံရမှုသည် အထည်ချုပ်လုပ်ခြင်းအဆင့်တွင်သာ ရှိနေခြင်းမဟုတ်ဘဲ ကုန်စည်စီဆင်းမှု ကွင်းဆက် တလျှောက်ရှိဝါဂွမ်းနှင့်ချည် ထုတ်လုပ်ခြင်းအထိပါဝင်သည်။ ဝီဂါဒေသသည် ကမ္ဘာ့ဝါဂွမ်းတင်ပို့မှု ၂၀ရာခိုင်နှုန်း၏ အရင်းအမြစ်ဖြစ်ပြီး ထိုအရာသည် တုန်လှုပ်ဖွယ်ကောင်းသည့် ကိန်းဂဏန်းအချက်အလက်ကို ညွှန်းနေသည်:

 

အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့ အဝတ်အထည်ဈေးကွက်ရှိ ချည်ထည်ငါးထည်တွင် တစ်ထည်သည် ဝီဂါဒေသမှ ရရှိသည့်ချည်များပါနေပြီး အဓမ္မခိုင်းစေခံရခြင်းကြောင့် ပြုလုပ်ရသည့် အရာများပါဝင်နေနိုင်သည့် မြင့်မား သည့်အန္တရာယ်လည်းသယ်ဆောင်နေသည်။

 အဝတ်အထည် အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများသည် ဝီဂါများအဓမ္မခိုင်းစေခံရမှု အကျပ်အတည်း တွင် မကြာခဏဆိုသလို ဆက်စပ်နေသည့် နည်းလမ်း လေးခုကတဆင့် ပံ့ပိုးနေသည်:

  1. အဝတ်အထည် သို့မဟုတ် အခြား ဝါဂွမ်းအခြေခံ ကုန်ပစ္စည်းများ ပြုလုပ်သည့် ဝီဂါဒေသတွင် တည်ရှိသည့် ထုတ်ကုန်ထုတ်ပေးသည့် စက်ရုံများနှင့် စီးပွါးရေးအရဆက်ဆံခြင်းမှတဆင့်;
  2. ဝီဂါဒေသတွင် လုပ်ငန်းခွဲများ နှင့် လုပ်ငန်းလည်ပတ်မှုများ  တည်ရှိနေခြင်း၊ တရုတ်အစိုးရ လုပ်ငန်းခွဲများ နှင့်/သို့ အစိုးရက ထောက်ပံ့သည့် လုပ်သားများအား အလုပ်ခန့်ထားသည့် ဝီဂါဒေသပြင်ပတွင် အခြေစိုက်သည့် ကုမ္ပဏီများနှင့် စီးပွါးရေးအရဆက်ဆံခြင်းမှတဆင့်;
  3.   ဝီဂါဒေသပြင်ပ အလုပ်နေရာတွင် အစိုးရက စေလွှတ်သည့် ဝီဂါဒေသမှ အလုပ်သမားများအား အလုပ်ခန့်ထားသည့် ကုန်ပစ္စည်းတင်ပို့သူများနှင့် စီးပွါးရေးအရဆက်ဆံခြင်းမှတဆင့်
  4. ဝီဂါဒေသတွင် အထည်၊ ချည်မျှင် သို့ ဝါဂွမ်းများအပါအဝင် အခြားအရင်းအမြစ်များအား ကမ္ဘာအနှံ့သို့ တင်ပို့ထုတ်လုပ်သည့် တရုတ်နိုင်ငံရှိ ကုန်ပစ္စည်းတင်ပို့သူများနှင့် စီးပွါးရေးအရဆက်ဆံခြင်းမှတဆင့် ။

ဒေသတွင်း  ပြင်းထန်သော အဆင့်များရှိ ဖိနှိပ်မှုများနှင့် စောင့်ကြည့်မှုများကြောင့် အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများအနေပြီဖြင့် ၎င်းတို့ ကုန်စည်စီးဆင်းမှုကွင်းဆက်တွင် အဓမ္မအလုပ်ခိုင်းစေမှု မရှိစေရေး ကို သေချာစေရန် အသုံးပြုလေ့ရှိသည့် ယန္တရားများ -- ဆိုလိုသည်မှာ အလုပ်သမားအခွင့်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးမှုများ--သည်ဤအခြေအနေတွင် လက်တွေ့လုံးဝမဖြစ်နိုင်သည့်အရာဖြစ်သည်။ အဘယ်ကြောင့်ဆို သော် အမှီ အခိုကင်းသည့် စုံစမ်းစစ်ဆေးသူတစ်ယောက်အား အလုပ်သမားတစ်ယောက် အနေဖြင့် အလုပ် အဖြုတ်ခံရမည် သို့ လက်စားချေခံရမည်ကို စိုးရိမ်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်းစကား မပြောနိုင်ခြင်း ကြောင့်ဖြစ် သည်။ ထို့အတွက် အဝတ်အထည်အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများအနေဖြင့် ဝီဂါများ အဓမ္မ အလုပ်ခိုင်းစေခိုင်းခံရမှုတွင် ကြံရာပါမဖြစ်အောင် သေချာစေရန်အတွက် ဝီဂါဒေသ၏  ဝါဂွမ်းမှအစ ကုန်ချော  အထိ ကုန်စည်စီးဆင်းမှုကွင်းဆက်အတွင်း အဆင့်အားလုံးမှ ထွက်ခွါရန်နှင့် ဤ အဓမ္မခိုင်းစေခံရမှု အကျပ် အတည်းတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများနှင့် စီးပွါးရေးအရဆက်ဆံခြင်းများကို ရပ်တန့်ရန်  ဖြစ်သည် ။