မေးလေ့မေးထရှိသောမေးခွန်းများ

Worker Rights Consortium (WRC) က ဘယ်လိုစတင်ခဲ့ပါသလဲ။

၁၉၉၈ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များမှ ကျောင်းသားများ၊ ပါမောက္ခများ နှင့် အခြား အဖွဲ့ဝင်များသည် ၎င်းတို့ တက္ကသိုလ်များ၏ လိုဂိုတံဆိပ်များ ပါရှိသည့် အဝတ်အထည်များအား ထုတ်လုပ် ပေးနေသည့် စက်ရုံများသည် အလုပ်သမားများ၏ အခွင့်အရေးများကို လေးစားမှုမရှိကြောင်း သဘောပေါက် လာခဲ့ကြသည်။  အမေရိကန်ပြည်ထောင်စုတွင် ကောလိပ်အမှတ်အသားပါ အဝတ်အထည်များအား ရောင်းချ ခြင်းသည် အကြီးစားစီးပွါးရေးလုပ်ငန်းဖြစ်သည်။ ကောလိပ်အသိုင်းအဝိုင်း အတွင်းမှ လူများအပြင် ပြင်ပက လူများပါ စက်ရုံများတွင် ဖြစ်ပွါးနေသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို သိရှိလာပြီး နောက် စိုးရိမ်လာခဲ့ကြသည်။ ဤ ပြဿနာအား ဖြေရှင်းနိုင်ရန် တက္ကသိုလ်များက အလုပ်သမား အခွင့်အရေးများဆိုင်ရာ အချို့သော အခြေခံစံနှုန်းများပါသည့် လိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများကို အကောင်အထည် ဖော်ဆောင် ခဲ့သည်။ WRC အား ထို လိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများကို လေးစား လိုက်နာမှုရှိခြင်း ကို သေချာစေရန် WRC ကို ဖွဲ့စည်းခဲ့သည်။ ကျင့်ဝတ်စည်းမျဉ်းများအား လေးစားလိုက်နာစေရန်  စက်ရုံများ၏ လုပ်ငန်းခွင် အခြေအနေများနှင့်  ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ထို စုံစမ်းစစ်ဆေးမှု များနှင့် ပတ်သက်သည့် အစီရင်ခံစာများ ထုတ်ပြန်ခြင်း၊ ကျင့်ဝတ်စည်းမျဉ်းများအား ချိုးဖောက်သည်ကို တွေ့ရှိပါက အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းရှာဖွေခြင်းများအတွက် WRC တွင် တာဝန် ရှိသည်။

WRC အား အမေရိကန် လူ့အခွင့်အရေး နှင့် အလုပ်သမားအခွင့်အရေး ကျွမ်းကျင်သူများ နှင့် တက္ကသိုလ် ပါမောက္ခများ နှင့် ကျောင်းသားများ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့က အမေရိကအလယ်ပိုင်းနှင့် အာရှရှိ အလုပ်သမား နှင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် ပါဝင်သူများကိုလည်း အကြံဉာဏ်တောင်းခံမှုများ ပြုလုပ်ပြီး တည်ထောင်ခဲ့ပါသည်။ အကြံပေးကောင်စီကို လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ကျွမ်းကျင်သူများ ပါဝင်ပြီး WRC အား လမ်းညွှန်မှုများပေးရန် အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

WRC ၏ စုံစမ်းစစ်ဆေးမှုများက ဘယ်လို အလုပ်လုပ်ပါသလဲ။

WRC  စုံစမ်းစစ်ဆေးမှုများတွင် အလုပ်သမားများနှင့် ပြီးပြည့်စုံသည့် တွေ့ဆုံမေးမြန်းခြင်းများအား စက်ရုံပြင်ပတွင် ၎င်းတို့ နေအိမ်တွင်ဖြစ်စေ ၎င်းတို့ နေထိုင်ရာဝန်းကျင်တွင်ဖြစ်စေ ပြုလုပ်ခြင်း ပါဝင်သည်။ WRC အနေဖြင့် စက်ရုံမန်နေဂျာများ၊ အစိုးရ၊ ပြည်နယ် သို့ နိုင်ငံအဆင့် အလုပ်သမား စစ်ဆေးရေးမှူးများ၊ သမဂ္ဂ ကိုယ်စားလှယ် များ၊ ပညာရှင်များ၊ အလုပ်သမားရေးရာ ရှေ့နေများ နှင့် စောင့်ကြည့်လေ့လာခြင်း ဖြစ်စဉ်တွင် ကူညီပေးနိုင်သည့် အခြား ပုဂ္ဂိုလ်များနှင့်လည်း လက်တွဲလုပ်ဆောင်သည်။ စက်ရုံထံမှ ခွင့်ပြုခဲ့ပါက WRC မှ စက်ရုံ နေရာသို့ သွားရောက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သည်။ ထို့နောက် WRC မှ ရရှိသည့် ဒေတာများ နှင့် တွေ့ဆုံမေးမြန်းခြင်းများ အား ခွဲခြမ်းစိတ်ဖြာပြီး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း နှင့် သက်ဆိုင်သည့် အဆုံးသတ်မှတ်ချက်များပြုသည်။ ချိုးဖောက်မှုများ တွေ့ရှိရာတွင်  မှန်ကန်သည့် လုပ်ဆောင်မှုများ လုပ်နိုင် ရန် WRC မှ အကြံပြုချက်များပေးသည်။ တရားဝင်အစီရင်ခံစာအား အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေပြီး အချို့သော ဖြစ်ရပ်များတွင် ဘာသာပြန်ပြီး ချိုးဖောက်မှုများကို တွေ့ခဲ့ရသည့် အသိုက်အဝန်းတွင် ဖြန့်ဝေခြင်းများ လည်းရှိသည်။

WRC အနေဖြင့် ရက်အနည်းငယ် စုံစမ်းစစ်ဆေးခြင်းသည် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက် သည့် ပြဿနာတစ်ခုချင်းစီအတွက် တိကျသည့် အဖြေများပေးရန် လုံလောက်သည်ဟု မယုံကြည်ပါ။ လက်တွေ့ ကျသည့် အကြောင်းအရင်းများအတွက် စုံစမ်းစစ်ဆေးမှုများသည် အလုပ်သမားများ ကိုယ်တိုင် သို့ စက်ရုံသို့ လုပ်ငန်းကဏ္ဍဆိုင်ရာ ဗဟုသုတရှိသည့် အခြားသူများ တိုင်ကြားလာသည့် ပြဿနာများကို ဦးစားပေးပေးသည်။

အလုပ်သမားများကိုလည်း မြောက်အမေရိက တက္ကသိုလ်များ၏ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများက ခြုံငုံထားသည့် ၎င်းတို့၏အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်သည့် ပညာပေး အစီအစဉ်များ ပေးသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ အလုပ်သမားများအနေဖြင့် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများကို ဒေသခံ အဖွဲ့အစည်းများမှ တဆင့် တိုင်ကြားနိုင်သည့် ယန္တရားကို ထူထောင်ရန်နှင့် WRC သို့လည်းယူလာနိုင်ရန် ဖြစ်သည်။ မည်သည့် လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းမျှ တစ်နှစ်ပတ်လုံး တစ်ရက်မပျက် စက်ရုံတိုင်းတွင် ရှိမနေနိုင်ပါ။ ထိုအကြောင်းအရင်းကြောင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာခြင်းကို သေချာ စေရန်မှာ စက်ရုံတိုင်းရှိ အလုပ်သမားများအား ၎င်းတို့ကိုယ်တိုင် စောင့်ကြည့်လေ့လာသူများ အဖြစ် လေ့ကျင့် ပေးခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု WRC ကယုံကြည်ပါသည်။

WRC အနေဖြင့် လုံးလုံးလျားလျား ယထာဘူတဖြစ်ရန် ကတိပြုသည်။ ထပ်ဆောင်းအနေဖြင့် WRC က သတင်း အချက်အလက် အရင်းအမြစ်အဖြစ် တည်ရှိလိုပြီး စိတ်ဝင်စားသည့် မည်သူမဆို မြောက်အမေရိက တက္ကသိုလ် များ အတွက် အဝတ်အထည်များ ထုတ်လုပ်ပေးနေသည့် စက်ရုံများ၏ လက်ရှိအခြေအနေများကို လေ့လာနိုင်ရန် ဖြစ်သည်။

 

WRC အနေဖြင့် စက်ရုံများကို စုံစမ်းစစ်ဆေးရန် ဘယ်လိုရွေးချယ်ပါသလဲ။

WRC အနေဖြင့် စက်ရုံတစ်ရုံအား စုံစမ်းစစ်ဆေးရာတွင် အလုပ်သမားတစ်ဦးထံမှ တိုက်ရိုက် တိုင်ကြားချက် ရ၍ဖြစ်စေ အဖွဲ့အစည်းတစ်ခု၏ ရုံးမှစုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်စေ အခြေခံသည်။

WRCက တိုင်ကြားချက်တစ်ခုအား မြောက်အမေရိကန် တက္ကသိုလ်တစ်ခု၏ အဝတ်အစားများကို ထုတ်လုပ် နေသည့် စက်ရုံမှ လုပ်သားတစ်ဦး၏ တိုင်ကြားမှုကို လက်ခံရရှိသည့်အခါ WRC သည် အောက်ပါ အချက် အလက်များအပေါ် မူတည်၍ တရားဝင်စုံစမ်းစစ်ဆေးခြင်း ပြု/မပြုလုပ်ရန် ဆုံးဖြတ်ပါသည်: အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု မည်မျှပြင်းထန်သည်၊ ဒေသခံအဖွဲ့အစည်းများ၏ သဘောထားအမြင်၊ တိုင်ကြားချက် ၏ ယုံကြည်နိုင်မှု နှင့်   ထိခိုက်သည့် တွဲဖက်တက္ကသိုလ်များ၏ အရေအတွက် ဆိုသည်မှာ ထိုစက်ရုံတွင် ထုတ်လုပ် နေသည့် WRC နှင့် လက်တွဲထားသည့် တက္ကသိုလ်များ၏ အရေအတွက်ကို ဆိုလိုခြင်းဖြစ်သည်။

WRC မှ တိကျသည့် အခြေအနေများအောက်တွင် ဥပမာအားဖြင့် ဒေသခံအဖွဲ့အစည်းမှ စက်ရုံတစ်ရုံတွင် ပြင်းထန်သည့် ပြဿနာများ ရှိနေသည်ဟု စွပ်စွဲသည့် သတင်းအချက်အလက်ရရှိသည့်အခါ၊ စက်ရုံတစ်ရုံက တက္ကသိုလ်အများအပြားအတွက် အဝတ်အထည်များ ထုတ်လုပ်နေသော်လည်း ထိုစက်ရုံ၏ အခြေအနေများကို မသိရသည့်အခါများတွင် WRCကိုယ်ပိုင် စုံစမ်းစစ်ဆေးခြင်းများ (ဆိုလိုသည်မှာ  ဘေး တတိယ အဖွဲ့အစည်း တစ်ခုမှ စတင်ရန် မလိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများ) အား စတင်ပါသည်။

 

WRC က ဘာကြောင့် အချို့စက်ရုံများကို စိတ်ဝင်စားပြီး အချို့ကိုစိတ်မဝင်စားတာပါလဲ။

WRC အနေဖြင့် စက်ရုံအားလုံးတွင် အလုပ်သမားအခွင့်အရေးအား လေးစားလိုက်နာစေလိုပါသည်။ သို့သော် တက္ကသိုလ်များအတွက် အဝတ်အထည်များ ထုတ်လုပ်သည့် စက်ရုံများတွင်သာ အပြောင်းအလဲ နှင့် ချိုးဖောက်မှု ရှိပါက ပြုပြင်ဆောင်ရွက်မှုများ ပြူလုပ်ရန် တောင်းဆိုခြင်းများ လုပ်နိုင်သည့် အာဏာရှိသည်။ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ တက္ကသိုလ်များအတွက် ထုတ်လုပ်သည့် စက်ရုံများ၏ အခြေအနေများကို WRC က တိုးတက် စေမည်ဆိုပါက ထိုစက်ရုံများသည် အခြားစက်ရုံများအတွက် အပြုသဘောဆောင်သည့် ဥပမာများ အဖြစ် ရှိစေရန်ဖြစ်သည်။

 

တက္ကသိုလ်များအတွက် ထုတ်လုပ်သည့် စက်ရုံများစာရင်း ဘယ်ကလာပါသလဲ။

WRC တွဲဖက် တက္ကသိုလ်များက ၎င်းတို့အား ရောင်းချသူများ( တက္ကသိုလ်၏ နာမည် သို့ အမှတ်တံဆိပ်ပါသည့် အဝတ်အထည်များအား ထုတ်လုပ်ရန်  တက္ကသိုလ်နှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီများ) ကို ၎င်းတို့ တက္ကသိုလ်အတွက် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံအားလုံး၏ စာရင်းကိုပေးရန် လိုအပ်သည်။ ထိုသတင်း အချက်အလက်အပေါ် အခြေခံ၍ WRCမှ တက္ကသိုလ်များအတွက် အဝတ်အထည်များ ထုတ်လုပ်ပေးနေသည့် စက်ရုံအားလုံး၏ စာရင်းအား စက်ရုံတိုင်း၏ လိပ်စာနှင့် တွဲဖက် ဖော်ပြပေးသည်။

 

WRCက ပြဿနာများ ရှာတွေ့ခဲ့ပါကကုန်အမှတ်တံဆိပ်များက ၎င်းတို့၏ စာချုပ်များအား ပယ်ဖျက်ပါ သလား။

WRC အနေဖြင့် နိုင်ငံစုံ ကုမ္ပဏီအား စက်ရုံတွင် ရှိနေရန်နှင့် အခြေအအနေများအား တိုးတက်အောင် ကြိုးစား အားထုတ်ရန် အမြဲတစေ အကြံပြုလေ့ရှိပါသည်။ WRC အနေဖြင့် ကုမ္ပဏီတစ်ခုသည် စာချုပ်အား ပယ်ဖျက်ပြီး အခြားစက်ရုံသို့ ပြေးသွားခြင်းသည် ၎င်း၏တာဝန်များနှင့် မကိုက်ညီပါဟု ယုံကြည်ပါသည်။  မက္ကဆီကိုနိုင်ငံရှိ  Kukdong စက်ရုံ အမှုတွင် WRC က Nike အား စက်ရုံတွင် ရှိနေပြီး အခြေအနေများအား တိုးတက်စေရန် ဖိအားပေးခဲ့ပါသည်။ Nike က WRC၏ အကြံပြုချက်အား လက်ခံခဲ့ပါသည်။

 

WRC စုံစမ်းစစ်ဆေးမှုများ၏ ရလဒ်များကို အများပြည်သူသို့ ချပြပါသလား။

ချပြပါသည်။ အစီရင်ခံစာအားလုံးအား ထုတ်ဝေပြီး အချို့ကိုလည်း ဒေသခံဘာသာစကားများသို့ ဘာသာပြန် ပေးထားပါသည်။ တိုင်ကြားချက်တွင် ပါဝင်သည့် သို့ အမေးအဖြေပြုလုပ်ရာတွင်ပါဝင်သည့် အလုပ်သမားများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လုံးဝ လျှို့ဝှက်ထားရန်မှာ အရေးကြီးကြောင်းကို မီးမောင်းထိုးပြလိုပါသည်။

 

လိုက်နာရမည့် ကျင့်ဝတ်များ အများအပြားရှိပါသလား။ အလုပ်သမားများနှင့် ၎င်းတို့မဟာမိတ်များက လိုက်နာရမည့် ကျင့်ဝတ်မျိုးစုံအောက်ရှိ  ၎င်းတို့၏  လက်ရှိအခွင့်အရေးများအား အဘယ်သို့ သိနိုင်ပါမလဲ။

လိုက်နာရမည့် ကျင့်ဝတ်များ အများအပြားရှိသည်ဆိုတာ မှန်ပါတယ် နောက်ပြီး ထိုအရာက ရှုပ်ထွေးမှူများ ဖြစ်စေပါတယ်။ သို့သော် လိုက်နာရမည့် ကျင့်ဝတ်များ အများစုက ဆင်တူကြပါတယ်။ လိုက်နာရမည့် ကျင့်ဝတ် များ အများစုသည် အပြည်ပြည်ဆိုင်ရာ နှင့် နိုင်ငံတစ်နိုင်၏ ဥပဒေအား အကိုးအကားအဖြစ် နှင့် အနိမ့်ဆုံး လုပ်ခလစာ၊ အလုပ်ချိန်၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် နှင့် စုပေါင်းသဘောတူညီချက်၊ ခွဲခြားဆက်ဆံမှု မရှိ သည့်၊ အမျိုးသမီးအခွင့်အရေး အစရှိသည်များအတွက် တူညီသည့် စံချိန်စံနှုန်းများအတွက် အကိုးအကားများ ပါဝင်ပါသည်။ အလုပ်သမားတစ်ယောက်အနေဖြင့် မည်သည့် နိုင်ငံ၏ သို့ အပြည်ပြည်ဆိုင်ရာ ဥပဒေအား သို့ လိုက်နာရမည့် ကျင့်ဝတ်၏ အချက်တစ်ခုအား ကိုးကား၍ တိုင်ကြားပါက ဥပဒေပါအတိုင်းဖြစ်သည့် တိုင်ကြားချက် ဖြစ်နိုင်ပါသည်။

 

WRC ၏ အုပ်ချုပ်မှု စနစ်က ဘယ်လိုအလုပ်လုပ်ပါသလဲ။

WRC တွင် အဖွဲ့ဝင် ၁၈ဦးပါသည့် ဒါရိုက်တာဘုတ်အဖွဲ့ရှိပါသည်။ ဤကောင်စီတွင် တက္ကသိုလ် အုပ်ချုပ်ရေးမှူး များ၏ ကိုယ်စားလှယ် ခြောက်ဦး၊ ကျောင်းသား အဖွဲ့အစည်းဖြစ်သည့် United Students Against Sweatshops (USAS)မှ ကိုယ်စားလှယ် ခြောက်ဦး၊ နှင့် အလုပ်သမားအခွင့်အရေး ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ် ခြောက်ဦးတို့ပါဝင်သည်။

 

WRC ၏အလုပ်များကို မည်သို့ ငွေကြေးထောက်ပံ့ပါသလဲ။

WRC ၏ ဘဏ္ဍာရေးရန်ပုံငွေ ၆၅%ခန့်သည် တက္ကသိုလ် အဖွဲ့ဝင်ကြေးမှလာပြီး ၂၅%သည် ဖယ်ဒရယ် နှင့် ဖောင်ဒေးရှင်း ထောက်ပံ့ကြေးရန်ပုံငွေများ နှင့် အခြားကျန်ရှိသည်များသည် လူပုဂ္ဂိုလ်မျာတစ်ဦးချင်းစီ နှင့် WRC မှ စောင့်ကြည့်လေ့လာခြင်းအား လုပ်ဆောင်ပေးသည့် အခြား မိတ်ဖက်အဖွဲ့များက ဖြစ်သည်။

 

WRC နှင့် အလုပ်သမားသမဂ္ဂများအကြားတွင် မည်ကဲ့သို့ ဆက်ဆံရေးရှိပါသလဲ။

WRC သည် လုပ်ငန်းခွင်အခြေအနေများအား စုံစမ်းဖော်ထုတ်သည့် အမှီအခိုကင်းသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အလုပ်သမားများ သော်လည်းကောင်း၊ အလုပ်ရှင်များအတွက် သော်လည်းကောင်း ကိုယ်စားမပြုပါ။ WRC ၏ အခန်းကဏ္ဍသည် အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမား သမဂ္ဂများ၏ အခန်းကဏ္ဍကို မပြောင်းနိုင်သလို ပြောင်းလဲမှုလည်းမလုပ်သင့်ပါ။ WRC က အလုပ်သမားများ ကိုယ်ပိုင်သမဂ္ဂများ ဖွဲ့စည်းခြင်းနှင့် နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်အား ညှိနှိုင်းနိုင်သည့် အခွင့်အရေးအား အပြည့်အဝထောက်ခံသည်။ WRCက အလုပ်သမားသမဂ္ဂများသည် အမှန်တကယ်  နှင့် ရေရှည်အပြောင်းအလဲ ဖြစ်ရန်အတွက် မရှိမဖြစ်ဆိုသည်ကို အသိအမှတ်ပြုသည်။ ထို့အပြင် WRCက အလုပ်သမားသမဂ္ဂများသည် လုပ်ငန်းခွင်အခြေအနေများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အတွက် အရေးကြီးသည့် အရင်းအမြစ်ဖြစ်သည်ဟုလည်း ယုံကြည်သည်။ WRCက ကမ္ဘာ့တောင်ဘက်ခြမ်းမှ အလုပ်သမားသမဂ္ဂများနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဆက်ဆံရေးများ တည်ဆောက်သည်။