ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆောက်အဦး နှင့် မီးဘေး လုံခြုံရေး သဘောတူညီချက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆောက်အဦး နှင့် မီးဘေး လုံခြုံရေး (The Accord) သဘောတူညီချက် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ စတုတ္ထအကြီးဆုံး အဝတ်အထည် တင်ပို့သူဖြစ်သည်။ ၎င်းနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသည် နိုင်ငံ ပို့ကုန်၏ ၈၀ရာခိုင်နှုန်းအထိရှိပြီး အလုပ်သမား ၃.၅သန်းကို အလုပ်ပေး ထားသည်။ ဤအလုပ်သမားများသည် စက်မှုလုပ်ငန်းတွင် ဆင်းရဲမွဲတေမှု အခကြေးငွေ ၊ နှုတ် နှင့် ကိုယ်ထိလက် ရောက် နှောက်ယှက်ခံရခြင်း၊ ပိုမိုကောင်းမွန်သည့် အခြေအနေများရရှိရန် စည်းရုံးလှုံ့ဆော်ခြင်း ကြောင့် ကလဲ့ စားချေခြင်း၊ အလွန်အမင်း မလုံခြုံသည့် စက်ရုံ အဆောက်အအုံများ အပါအဝင် အဆိုးရွားဆုံးသော အချို့ အခြေ အနေများကို တွေ့ကြုံရသည်။ 

၂၀၀၅ခုနှစ်မှစတင်ပြီး ဤ လုံခြုံမှုမရှိသည့် အခြေအနေများသည် မီးသင့်ခြင်း နှင့် အဆောက်အဦးလုံခြုံရေး ဘေးဒဏ်များအတွင်း ဘင်္ဂလားဒေ့ရှ် အလုပ်သမားပေါင်း ၂၀၀၀နီးပါး ကြွေကွဲဖွယ် အသတ်ခံခဲ့ရပြီးဖြစ်သည်-- ဤအရာအားလုံးသည် တားဆီး၍ရခဲ့နိုင်သည်။ ဧပြီလ ၂၀၁၃ခုနှစ်တွင် ရန်နာ ပလာဇာ အဆောက်အဦး ပြိုကျသည့် ဖြစ်စဉ် တစ်ခုထဲတွင် အလုပ်သမားပေါင်း ၁၁၃၄ဦး အသက်ဆုံးရှုံးခဲ့ရပြီး လုပ်ငန်းသမိုင်းတွင် အဆိုးရွားဆုံးဘေးဒဏ်ဖြစ်သည်။ ရန်နာ ပလာဇာရှိ စက်ရုံများသည် JCPenney၊ The Children's Place နှင့် Walmart အပါအဝင် အဓိက အမှတ်တံဆိပ်များ အများအပြား နှင့် လက်လီရောင်းချသူများအတွက် ထုတ်လုပ် ပေးနေခဲ့ခြင်းဖြစ်သည်။ ဤကုမ္ပဏီအများစုသည် မပြိုကျခင် ရှေ့လများက စက်ရုံသို့လာရောက် စစ်ဆေး ခြင်းများပြုလုပ်ခဲ့သည်-- သို့တိုင် ထိုစစ်ဆေးမှုများသည် ဘေးဒဏ်ဖြစ်စေခဲ့သည့် လုံခြုံရေးဆိုင်ရာ ချိုးဖောက် မှုများကို ဖော်ထုတ်ရန် သို့ ပြင်ဆင်ရန် ပျက်ကွက်ခဲ့သည်။ 

 

စံနမူနာအသစ်: (The Accord) သဘောတူညီချက်  

၂၀၁၃ခုနှစ် ရန်နာပလာဇာ ပြိုကျချိန်တွင်  အဝတ်အထည် အမှတ်တံဆိပ်များအား ၎င်းတို့၏ ကုန်ထုတ်ပေးသည့် ဘင်္ဂလားဒေ့ရှ်ရှိ စက်ရုံများတွင် စစ်မှန်သော လုံခြုံရေးတိုးတက်မှုများ ဖြစ်လာစေရန်အတွက် မီးသင့်ခြင်းနှင့် အဆောက်အဦးလုံခြုံရေးဆိုင်ရာ ၎င်းတို့၏ ချဉ်းကပ်ပုံအား အခြေခံကျကျပြောင်းလဲရန် WRC အနေဖြင့် ဖိအားပေးလုပ်ဆောင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဘေးဒဏ်ဆိုးဖြစ်ပြီးသည့်နောက် နိုင်ငံတကာအာရုံစူးစိုက်မှုကြောင့် အမှတ်တံဆိပ်များသည် ညှိနှိုင်းရေးစားပွဲသို့ တွန်းပို့ခြင်းခံခဲ့ရပြီး WRC နှင့် ကျွန်ုပ်တို့၏ မဟာမိတ်များက သမိုင်းဝင်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆောက်အဦး နှင့် မီးဘေး လုံခြုံရေး သဘောတူညီချက် (The Accord) ကို  ၎င်းတို့လက်မှတ်ထိုးရန် အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ သဘောတူညီချက်သည် အလုပ်သမားများ၊ စက်ရုံမန်နေဂျာများ နှင့် အဝတ်အထည်ကုမ္ပဏီများ အကြား ပထမဦးဆုံး စံနမူနာ တရားဝင်စည်းနှောင်ထားသည့် သဘောတူညီမှုဖြစ်ပြီး အမှတ်တံဆိပ်များ နှင့် လက်လီရောင်းချသူများ အနေဖြင့် 

  • ၎င်းတို့၏ ကုန်ထုတ်ပေးသည့် စက်ရုံများအား အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များ နှင့် အင်ဂျင်နီယာများဖြင့် အပြည့်အဝ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စစ်ဆေးမှုများကို ဖွင့်ပေးခြင်း 
  • ထိုစစ်ဆေးမှုများ၏ ရလဒ်များကို ရှာဖွေနိုင်သည့် ဒေတာဘေ့စ်တွင် လူသိရှင်ကြား တင်ပြခြင်း ကို ခွင့်ပြုခြင်း 
  • လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ပြုပြင်မွမ်းမံခြင်းများကို ကူညီကျခံခြင်း 
  • လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ရန် ပျက်ကွက်သည့် စက်ရုံများနှင့် စီးပွါးရေး လုပ်ဆောင်ခြင်းကို ရပ်တန့်ရန်စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန်လိုအပ်သည် 

ထို့အပြင် သဘောတူညီမှုတွင် အလုပ်သမားများ အနေဖြင့် ၎င်းတို့၏ စက်ရုံများတွင် ဖြစ်နိုင်ချေရှိသည့် ချိုးဖောက်မှုများအား အမည်ဖော်ပြခြင်းမရှိဘဲ သဘောတူညီချက်သို့ တင်ပြနိုင်သည့် တိုင်ကြားမှု ယန္တရားကိုလဲ ထည့်သွင်းထားသည်။ ၎င်းတွင် ပါဝင်လက်မှတ်ရေးထိုးထားသူများ လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေရေး ရာအရ အရေးယူနိုင်သည့် ကြပ်မတ်မှု ယန္တရားကိုလဲထည့်သွင်းထားသည်။ 

သဘောတူညီမှုသည် အထည်ချုပ်စက်ရုံများတွင် လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုများကို ကိုင်တွယ် ဖြေရှင်းပုံများ ၏ အခြေခံကျကျ အပြောင်းအလဲကို ကိုယ်စားပြုသည်။ ယခင်ရှိခဲ့သည့် ကော်ပိုရေးရှင်းများ ဦးဆောင်ခဲ့သည့် အစီအစဉ်များသည် ဆန္ဒအလျောက်ဖြစ်ပြီး ကြပ်မတ်မှုယန္တရား နှင့် ပွင့်လင်းမြင်သာမှုရှိခြင်း နှစ်မျိုးစလုံးလဲ ရှိမနေပါ။ သဘောတူညီမှုအောက်တွင် အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများသည် ၎င်းတို့၏ အဝတ် အထည်များကို ထုတ်လုပ်ပေးနေသည့် အလုပ်သမားများ လုံခြုံမှုရှိသည့် အခြေအနေများ အောက်တွင် အလုပ်လုပ်ရန်ကို သေချာစေရန် ဥပဒေရေးရာအရ တာဝန်ရှိသည်။ 

 

ယနေ့လက်ရှိ (The Accord) သဘောတူညီချက် 

ယနေ့တွင် ၂၀၁၈ (The Accord)သဘောတူညီချက် ကို မူရင်း သဘောတူညီချက်အား နောက်သုံးနှစ်သက်တမ်း ထပ်တိုးရန် အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူပေါင်း ၂၀၀ကျော်နီးပါး လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ လက်မှတ်ရေးထိုးထားသည့် အမှတ်တံဆိပ်များတွင် ကမ္ဘာ့အကြီးဆုံး ဖက်ရှင် လက်လီရောင်းချသည့် လေးခုတွင် သုံးခုဖြစ်သည့် -- H&M၊ Inditex နှင့် UNIQLO ပါဝင်သည်။ အတူပေါင်းလိုက်ပါက ဤအမှတ်တံဆိပ်များသည် ၁၆၀၀ထပ်ပိုသည့် စက်ရုံများက အမှာများမှာယူနေပြီး ပေါင်းလိုက်ပါက အလုပ်သမား နှစ်သန်းကျော်အား အလုပ်ပေးထားသည်။ 

ဤစက်ရုံများတွင် ပြုလုပ်ခဲ့သည့် စစ်ဆေးမှုများမှ ဖွဲ့စည်းတည်ဆောက်ပုံ အပျက်အစီးများမှစ၍ လုံခြုံမှုမရှိသည့် မီးဘေးလွတ်ရာလမ်းကြောင်း အစရှိသည့် လုံခြုံရေးဆိုင်ရာ ချိုးဖောက်ခြင်း အမျိုးမျိုး ၁၃၀,၀၀၀နီးပါးကို ဖော် ထုတ်နိုင်ခဲ့သည်။ ယနေ့အထိ ထို လုံခြုံရေးဆိုင်ရာအန္တရာယ်များနှင့် ပတ်သက်ပြီး အများစုအား ဖယ်ရှား ပစ်ခဲ့ပြီး ဖြစ်သည်။ 

ဇွန်လ ၁ရက်နေ့ တနင်္လာနေ့တွင် သဘောတူညီချက်၏ ဘင်္ဂလားဒေ့ရှ်ရုံးသည် ၎င်း၏ လည်ပတ် လှုပ်ရှားမှုများ အား မကြာသေးမီက တည်ထောင်ခဲ့သည့် ဒေသခံအဖွဲ့အစည်း အသင့်ချုပ် အထည်ချုပ် ရေရှည် တည်တံ့ရေး ကောင်စီ RSC (Ready-Made-Garment Sustainability Council) သို့ ကူးပြောင်းခဲ့သည်။ RSC အား တည်ထောင်ရခြင်းမှာ ရှေ့လျှောက်တွင် ဘင်္ဂလားဒေ့ရှ်တွင် သဘောတူညီချက်ပါ လုံခြုံရေး ဆိုင်ရာ အစီအစဉ် များအား အကောင်အထည်ဖော်သည့် အေးဂျင့်ကိုယ်စားလှယ်အဖြစ် ထားရှိရန်ဖြစ်ပြီမှတ် သဘောတူညီချက် အား အစားထိုးရန် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့ပါ။  သဘောတူညီချက်သည် လက်ရှိတွင် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဟု စီစဉ်ထားသဖြင့် ထိုအချိန်မတိုင်ခင်ထိ သဘောတူညီချက်ပါ အမှတ်တံဆိပ်များ၏  တာဝန် ဝတ္တရားများသည် အသက်ဝင်ဆဲ နှင့် မပြောင်းလဲပဲရှိနေသည်။ သဘောတူညီချက်တွင် ပါဝင် လက်မှတ် ရေးထိုးထားသည့် အဝတ်အထည် အမှတ်တံဆိပ်များနှင့် အလုပ်သမားသမဂ္ဂများသည် လက်ရှိတွင် ဆွေးနွေးမှု များ ပြုလုပ်နေပြီး သဘောတူညီချက်အား သက်တမ်းတိုးရန် အလားအလာရှိနေကာ တောင်အာရှရှိ အခြား နိုင်ငံများ၏ စက်ရုံ လုံခြုံရေးအစီအစဉ်များကိုပါ လွှမ်းခြုံနိုင်ရန် ၎င်း၏နယ်ပယ်ကို ချဲ့ထွင် သွားမည် ဖြစ် သည်။   

 

WRC ၏အခန်းကဏ္ဍ   

WRC သည် သဘောတူညီချက်အား အကောင်အထည်ဖော်ခြင်း နှင့် ကြပ်မတ်ခြင်းတွင် အရေးပါသည့် အခန်း ကဏ္ဍတွင် ဆက်လက်ပါဝင်လျှက်ရှိပါသည်။ သဘောတူညီချက် ဦးဆောင်ကော်မတီ (Accord Steering Committee) တွင် သက်သေခံလက်မှတ်ထိုးသူဖြစ်သည် နှင့်အညီ WRC အနေဖြင့် ဦးဆောင် ကော်မတီ အဖွဲ့ဝင်များ နှင့်အတူ သဘောတူညီချက်ပါ အခြေခံမူများအား အပြည့်အဝလုပ်ဆောင်ရန်နှင့် စစ်ဆေးမှုများနှင့် ပြင်ဆင်မှုများသည်လည်း အချိန်နှင့်တပြေးညီလုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။